- Every Day 8:30 AM - 5:00 PM
- 0943209550
- [email protected]
Our Products
iStockEnterprise Cloud Based ERP Software သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာနေသော အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများသာမက Enterprise လုပ်ငန်းကြီးများအထိ အသုံးပြုနိုင်ပြီး လူကြီးမင်းတို့၏ စီးပွားရေး လုပ်ငန်းခွဲများမှ စာရင်းဇယားများကို Internet Connection ချိတ်ဆက်ထားရုံဖြင့် အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ စီမံခန့်ခွဲထိန်းချုပ်အသုံးပြုနိုင်မည့် Cloud-Based ERP Software တစ်ခုဖြစ်ပါသည်။ ထို့အပြင် လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းခွဲများအားလုံး၏ စာရင်းဇယားများကို System တစ်ခုတည်းဖြင့် အချိန်မရွေး ၊ နေရာမရွေးမှ ထိန်းချုပ်ပြီး စီမံခန့်ခွဲနိုင်သောကြောင့်အချိန်နှင့်ငွေကြေးကုန်ကျမှုများကို လျှော့ချနိုင်ပြီး လုပ်ငန်းခွဲအချင်းချင်း စာရင်းဇယားများနှင့်ပတ်သက်သော အချက်အလက်များကိုအချိန်နှောင့်နှေးကြန့်ကြာမှုမရှိပဲ အမြန်ဆုံးနဲ့ အထိရောက်ဆုံး သိရှိစီမံခန့်ခွဲနိုင်ရန်အတွက် ရည်ရွယ်ကာ ရေးဆွဲထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
iStock® ကုန်ပစ္စည်းထိန်းကွန်ပျူတာစနစ်အား စီးပွားရေးလုပ်ငန်းများတွင် အလွယ်တကူ အသုံးပြုနိုင်ခြင်းကြောင့် အားသာချက်များအနေဖြင့် အရောင်းလုပ်ငန်းပိုင်းအား ကြန့်ကြာမှုမရှိစေပဲ လွယ်ကူလျင်မြန်စွာ ရောင်းချနိုင်ခြင်း၊ အကြွေးပိုင်းနှင့် ပတ်သက်သော အစီရင်ခံစာအမျိုးမျိုးပါရှိသောကြောင့် မိမိလုပ်ငန်း၏ အကြွေးစာရင်းများကို တိကျသေချာစွာ စစ်ဆေးနိုင်သည့်အပြင် နေ့စဉ်၊ လစဉ်အလိုက် ရောင်းရငွေစာရင်းများ၊ ပစ္စည်းတစ်ခုချင်းအလိုက် / Branch တစ်ခုချင်းစီအလိုက် အရှုံးအမြတ်စာရင်းများ စသည်တို့ကို သိရှိနိုင်တာကြောင့် လူကြီးမင်းတို့ လုပ်ငန်းတစ်ခုလုံး၏ စာရင်းဇယားများကို တိကျစွာ သိရှိနိုင်ပြီး အချိန်ကုန် သက်သာစေသည့်အပြင် ငွေကြေးဆုံးရှုံးနစ်နာမှုများပါ လျှော့ချနိုင်တာကြောင့် လုပ်ငန်းတစ်ခုလုံးကိုစနစ်တကျဖြင့် အကောင်းဆုံးလည်ပတ်နိုင်မှာပဲ ဖြစ်ပါတယ်။
CafePOS® စားသောက်ဆိုင်သုံးကွန်ပျူတာစနစ်ကို အသုံးပြုခြင်းကြောင့် အားသာချက်များအနေဖြင့် Customer များမှာယူသော ဟင်းပွဲများကို Computer, Phone, Tablet မှ Kitchen, Bar သို့ တိုက်ရိုက်လှမ်းပို့နိုင်သည့်အတွက် အချိန်ကုန်သက်သာခြင်းနှင့် ဧည့်သည်စောင့်ဆိုင်းရချိန်များနည်းသွားခြင်း၊ Cashier မှလည်း ငွေရှင်းသည့်အခါ စနစ်မှ အသင့်တွက်ချက်ပြီးသား ကျသင့်ငွေကို အလွယ်တကူ Bill ထုတ်ပေးနိုင်ခြင်း၊ အရောင်းစာရင်းများကို အလုံးစုံ စီမံခန့်ခွဲနေစရာမလိုပဲ Report များထုတ်ကြည့်ရုံဖြင့် လုပ်ငန်း၏ အခြေအနေကို ချက်ခြင်းသိရှိနိုင်သောကြောင့် ငွေကြေးဆုံးရှုံးနစ်နာမှုများကို လျော့ချပေးနိုင်ခြင်းကြောင့် အရေးကြီးသော ဆုံးဖြတ်ချက်များ နည်းဗျူဟာများကို လျင်မြန်တိကျစွာ ချမှတ်နိုင်မည်ဖြစ်ပါသည်။
HotelPro® ဟိုတယ်လုပ်ငန်းသုံးကွန်ပြူတာစနစ်ကို လူကြီးမင်းတို့၏ Hotel / Motel / Inn / Guest House လုပ်ငန်းများတွင် IT နည်းပညာကို အသုံးပြုပြီး လာရောက်တည်းခိုသူ ဧည့်သည်တော်ကြီးများကို အကောင်းဆုံး၀န်ဆောင်မှုပေးနိုင်ရန်၊ နေ့စဉ်လုပ်ငန်းဆောင်တာများ မြန်ဆန်တိကျမှုရှိစေရန်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်ရေးဆွဲရာတွင် အကောင်းဆုံးအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်ပါသည်။ Sales & Marketing / Front Office / House Keeping / Finance Department တို့ကြား လုပ်ငန်းစဉ်များ ချိတ်ဆက်ဆောင်ရွက်ရာတွင် လွယ်ကူရိုးရှင်းပြီး တိကျမြန်ဆန်စေမည့် စနစ်တစ်ခုဖြစ်ပြီး Bar / KTV / SPA / Banquet အရောင်းများနှင့် ပစ္စည်းလက်ကျန်ထိန်းချုပ်ခြင်းများအတွက်လဲ iStock (Inventory Management System) နှင့် Café POS (Restaurant Management System) တို့နှင့် လွယ်ကူစွာချိတ်ဆက်အသုံးပြနိုင်ပါသည်။
We provide quality software products
Galaxy Software Co., Ltd. သည် မြန်မာနိုင်ငံအတွင်းရှိ အကြီးဆုံး Software House များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ဝန်ထမ်း (၂၅) ဦးဖြင့် စတင်တည်ထောင်ခဲ့ရာမှ ယခုအချိန်တွင် ဝန်ထမ်းပေါင်း (၂၀၀) ကျော်ဖြင့် မြန်မာနိုင်ငံအနှံ့ရှိ Customer ပေါင်း (၁၀၀၀၀) ကျော်ကို အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိကာ Customer Base အများဆုံးဖြင့်ခိုင်မာသော ကုမ္ပဏီကြီးတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ Galaxy Software ၏ ရည်ရွယ်ချက်မှာ အရှိန်အဟုန်နှင့် ပြောင်းလဲတိုး တက်လာနေသောနည်းပညာခေတ်တွင် မြန်မာနိုင်ငံအတွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကိုနိုင်ငံတကာ နှင့် တန်းတူယှဉ်ပြိုင်နိုင်စေရန် ၊ IT နည်းပညာအသုံးပြု၍ လုပ်ငန်းများကို စနစ်တကျ ထိန်းချုပ်ဆောင်ရွက်နိုင်ရန်အတွက် အရည်အသွေးကောင်းမွန်သော Software Product များကို ရေးဆွဲပံ့ပိုးပေးရန် ဖြစ်ပါသည်။
Our Mission
Galaxy Software ၏ ရည်ရွယ်ချက်မှာ အရှိန်အဟုန်နှင့် ပြောင်းလဲတိုးတက်လာနေသောနည်းပညာခေတ်တွင် မြန်မာနိုင်ငံအတွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကိုနိုင်ငံတကာ နှင့် တန်းတူယှဉ်ပြိုင်နိုင်စေရန် ၊ မိရိုးဖလာ ကျင့်သုံးနေသော ပုံစံများမှ ခွဲထွက်ပြီး IT နည်းပညာအသုံးပြု၍ လုပ်ငန်းများကို စနစ်တကျ ထိန်းချုပ်ဆောင်ရွက်နိုင်ရန်အတွက် အရည်အသွေးကောင်းမွန်သော Software Product များကို ရေးဆွဲပံ့ပိုးပေးရန် ဖြစ်ပါသည်။
Our Vision
မြန်မာနိုင်ငံအတွင်းရှိ Retail / Wholesale / Distribution လုပ်ငန်းများအားလုံးကို နည်းပညာအသုံးပြု၍ ပိုမိုကောင်းမွန်ပြီး စနစ်ကျသောလုပ်ငန်းဖြစ်စေရန် ရည်ရွယ်ပါသည်။
Our Value
- အကောင်းဆုံး ဝန်ဆောင်မှု
- အရည်အသွေး ကောင်းမွန်သော Product များ
- သင့်တင့် မျှတသော ဈေးနှုန်း
Our Customers
After Sales Service
Professional Service
Software အသုံးပြုပြီး နောက်ပိုင်း တစ်စုံတစ်ရာ အခက်အခဲရှိပါက Galaxy Software Company ၏ Service Department မှ ဆက်လက်၍ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။
Professional Service
Software အသုံးပြုပြီး နောက်ပိုင်း တစ်စုံတစ်ရာ အခက်အခဲရှိပါက Galaxy Software Company ၏ Service Department မှ ဆက်လက်၍ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။
Product Training
(၅) ရက် မှ (၇)ရက် Training ပေးခြင်း။ လုပ်ငန်းခွင်အရောက် သင်ကြားပေးခြင်း။ (အသုံးပြုသူဘက်မှ Transportation စီစဉ်ပေးရပါမည်။)
Product Training
(၅) ရက် မှ (၇)ရက် Training ပေးခြင်း။ လုပ်ငန်းခွင်အရောက် သင်ကြားပေးခြင်း။ (အသုံးပြုသူဘက်မှ Transportation စီစဉ်ပေးရပါမည်။)
What
They’re Say About Us?
Our Pride, Our Customers' Words
" This is GS Medical Business Group (NDG) and Dr S (Palaw) admin. It’s so interesting to collaborate with galaxy especially TEAM 4 . I wanna say thank Ma Cherry Pyone (Team 4 Member) and Ko Min Maw Oo (Team 4 Former member) coz they are very helpful,creative and informative when we face some software errors, misunderstandings and misleading problems. And also wanna say thank to Ma Thiri (Mkt dept) who welcome to apply that software. I promise ...
𝑋𝑖𝑢𝑚 𝑋𝑖𝑢𝑚
iStock Customergood service for customer & patience to customer😊.Proud of you all
𝑇ℎ𝑎𝑛 𝐻𝑡𝑖𝑘𝑒 𝑆𝑎𝑛
iStock Customer"Hi, I've been using Galaxy Software for my business for almost 2 years now, I found it very helpful, user friendly, no error issues and more importantly it save me tons of time. In addition, after sales service and response are on point and teams are very skillfully. Highly recommend for all users."
𝑆𝑎𝑖 𝑊𝑜𝑜𝑛 𝑇𝑖𝑝
iStock CustomerThanks a lot to Ko Kyaw Win Tun's Team. The best after sale sevices i ever had. Thanks a lot galaxy software
𝑁𝑖𝑐𝑘 𝑌𝑎𝑛𝑔
iStock Customer"Good customer service Galaxy software နေလစင်္ကြာ သင်္ကန်းတိုက်နှင့်စတိုးဆိုင်ကပါ။ သုံးရတာအရမ်းအဆင်ပြေပါတယ်။ Galaxy က ညီလေး၊ ညီမလေးတွေလဲ အရမ်းသဘောကောင်းကြတယ်။ အခက်ခဲနဲနဲရှိတာနဲ့ ချက်ချင်းဖုန်းဆက်ချက်ချင်းဖြေရှင်းပေးပါတယ်။ ကျေးဇူး galaxy အောင်မြင်ပါစေ"
𝐵𝑎𝐵𝑎 𝑆ℎ𝑤𝑒 𝐿𝑎𝑡𝑡
iStock CustomerPhoe La Pyae Myanmar company I am very thankful for Istock galaxy teams
𝑉𝑎𝑠𝑢 𝑉𝑎𝑠𝑢
iStock CustomerShwe Yee coffee & restaurant ကပါ။ Galaxy Software သုံးရတာအဆင်ပြေပါတယ်ရှင့်။ Service ပေးတာလဲ ကောင်းပါတယ်။ စိတ်ရှည်လက်ရှည်ရှင်းပြပေးတဲ့ srevice team မှ အမ မအေးသူဇာ ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။
𝑆𝑢 𝑀𝑜𝑛
CafePOS CustomerI am using iStock for 2 branches and so far the process is a bit smooth and no major issue. Although there are a few minor hitches during trial period, the service team made it up.
𝐴𝑦𝑒 𝐶ℎ𝑎𝑛 𝑀𝑦𝑖𝑛𝑡 𝑊𝑎𝑖
iStock Customer"galaxy software သုံးတာ 2နှစ်ပါ။ အားလုံးအဆင်ပြေပါတယ်။ နားမလည်တဲ့အချိန် ဖုန်းဆက်မေးရင် ကြန့်ကြာမှုမရှိ ချက်ချင်း အကြောင်းပြန်ပေးတယ်။ service အရမ်းကောင်းတယ်။ galaxy software 100%recommend"
𝐾𝑦𝑖 𝑃ℎ𝑦𝑢
iStock Customerကျမက ပုသိမ်မြို့ မြကျွန်းသာအိမ်ယာ ရွှေမင်္ဂလာလမ်း မှာရှိတဲ့ သုခစံ Cosmetics & Skin Care Shop ကပါရှင့် 🤍 ဆိုင်စဖွင့်ကတည်းက လက်ရေးဘောက်ချာ များသာအသုံးပြုခဲ့ပြီး Stock အဝင်အထွက် တွေကိုလည်း စာအုပ်နဲ့ပဲရေးမှတ်ခဲ့မိပါတယ် ကြာလာတော့ Stock တွေအရမ်းများလာတာနဲ့အမျှ ကုန်အဝယ်ဝင်တာတွေ ကုန်လက်ကျန် တွေကိုတိတိကျကျ စာရင်းမလုပ်နိုင်တော့ပါဘူး ကုန်လက်ကျန်များနေပါရဲ့နဲ့ ခဏခဏ ထပ် ဖြည့်မိတဲ့ Stock တွေလည်းမနည်းမနောပါ အမှားအယွင်းထပ်မဖြစ်ချင်တာရယ် တိကျတဲ့စာရင်းအဝင်အထွက်တွေရယ် ရချင်တာကြောင့် အရင်လို စာရင်းတွေထိုင်လုပ်ရလို့ ပင်ပန်းခေါင်းကိုက်တာတွေမရှိတော့ပဲ ...
𝐻𝑙𝑎𝑖𝑛𝑔𝑧𝑎𝑟 𝐴𝑢𝑛𝑔
iStock Customerမဂ်လာပါရှင့်… Great Brother Textile မှ MD Thida Ye Win ပါရှင့်…. Galaxy Software ကိုသုံးနေတာတော့ 8လ ရှိပါပြီရှင့်…. လုပ်ငန်းစဉ်နဲ့ အလွန်မှ ကိုက်ညီပြီး သုံးရတာ အရမ်းအဆင်ပြေပါတယ်…. ကျွန်မတို့လုပ်ငန်းကို ပိုမိုလွယ်ကူစေပြီး အလုပ်ပိုတွင်စေပါတယ်…. ညီမလေး Thu Thu Aye လို customer ကိုလေးစားပြီး စိတ်ရှည်ရှည် ယဉ်ကျေးတဲ့ ကလေးမျိုးတွေနဲ့ လက်တွဲလုပ်ခွင့်ရလို့ Galaxy Software ကို ကျေးဇူးတင်ပါတယ်ရှင့်… နောက်လုပ်ငန်းခွဲတစ်ခုအတွက်လဲ Galaxy Software ကိုဆက်လက်အသုံးပြုအုံးမှာပါရှင့်
𝑇ℎ𝑖𝑑𝑎 𝑌𝑒 𝑊𝑖𝑛
iStock Customer"မင်္ဂလာပါခင်ဗျာ...ကျန်တော်ကတော့ တောင်ငူမြို့မှ Zorro Fashion အထည်ဆိုင်ကပါဗျာ။ ဆိုင်တွင်ပစ္စည်းများ မြောက်မြားစွာရှိပါသဖြင့် စာရင်းများ တိကျမှန်ကန်မှုရှိပြီး လွယ်ကူသက်သာစေရန်အတွက် Galaxy Software နှင့် လက်တွဲခဲ့တာ ယခုဆိုလျှင် ၃လခန့် ရှိနေပါပြီ။ အသုံးပြုရသည်မှာ ရိုရှင်းလွယ်ကူပြီး တိကျသော စာရင်းများကြောင့် အချိန်ကုန် လူပင်ပန်း သက်သာစေခဲ့ပါတယ်။ စတင် အသုံးပြုသည်မှစ၍ ယခုချိန်ထိ မသိနားမလည်သည်များကို မငြီးမငြူ စိတ်ရှည်စွာဖြင့် ဖြေကြားပေးနေပါသော နေပြည်တော်ရုံးမှ မစုအိန္ဒြာဌေးကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ။ တာဝန်ယူမှု အပြည့်ရှိသူတစ်ယောက်ပါ။တာဝန်ယူမှု ...
𝑀𝑦𝑜 𝑀𝑖𝑛 𝐻𝑡𝑒𝑡
iStock Customer"မြောက်ဒဂုံမြို့နယ် only me liquor storeက ဝန်ထမ်းပါရှင် ။ အဓိက ကတော့ service team မှ မမ Aye Thuzarကို အရမ်းကိုကျေးဇူးတင်ပါတယ်ရှင် ကွန်ပျူတာကို စာရိုက်တာလောက်ပဲ ကိုယ်ကသိတော့ နားမလည်သည့် အဆင်မပြေသည့် အခါတိုင်း ယနေ့ အချိန်အထိ မအားလပ်သည့်ကြားမှ ဖုန်းဖြင့်ဖြစ်စေ anydesk ဖြင့်ဖြစ်စေ လူကိုယ်တိုင်လာရောက်လည်းကောင်း စေတနာပါပါဖြင့် စိတ်ရှည်ရှည်ဖြင့် ညီမအရင်းတစ်ယောက်လို learning ပေးပါေသာ ကျွန်မအတွက် ဆရာကောင်းတစ်ယောက် ပါ ။ မမAye Thuzarလို ဝန်ထမ်းမျိုးရှိနေပါသဖြင့် Galaxy Software ထပ်ဆင့်တိုး၍အောင်မြင်မှာပါရှင်။ Galaxy Software က ...
𝑁𝑎𝑛 𝐷𝑎𝑟 𝐿𝑦𝑛𝑛
iStock Customer"ဆိုင်တစ်ဆိုင် / လုပ်ငန်းတခုရဲ့ အရောင်းအဝယ် ပိုင်းဆိုင်ရာ တင်မဟုတ်ပဲနဲ့ စာရင်းဇယားပိုင်းဆိုင်ရာ လိုအပ်ချက် အားလုံးနီးပါးကို ကိုင်တွယ်မှတ်သားပေးနိုင်တယ်။ အကြိုက်ဆုံးက ကိုယ့်ရဲ့လုပ်ငန်းလိုအပ်ချက် အတိုင်း software ကို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပေးတာပဲ။ မဖြစ်နိုင်တာတွေတော့ မပြင်ခိုင်းနဲ့ပေါ့နော်။ ကျတော် ရှေ့မှာ အလားတူ software တော်တော်များများသုံးဖူးတယ်။ စာရင်းပိုင်းနဲ့ ပတ်သက်ပြီး လက်ရှိ galaxy software က အစုံဆုံးပဲ။ ရှေ့ အောက်တိုဘာကနေ စပြီး ပြောင်းသုံးတာဆိုတော့ ၁ နှစ် နီးပါးရှိပြီ ။ တစ်နှစ်အတွင်း ကျတော့်လုပ်ငန်းနဲ့ အတော်လေး ကိုက်ညီတဲ့ ကွန်ပျူတာ ...
𝑃ℎ𝑦𝑜 𝑊𝑖𝑛 𝑇ℎ𝑎𝑛𝑡
iStock Customerအိမ်ဆောက်ပစ္စည်းဆိုင်၊ အောင်လံမြို့ကပါ။ လွန်ခဲ့တဲ့၈ လလောက်က softwareကိုစပြီးinstallလုပ်ပြီး လက်ရေးနဲ့အရင်စနစ်ဟောင်းကနေ ပြောင်းလာတာ အခုငွေစာရင်းအပါ inventory managementရော stock control အရာတော်တော်များများစနစ်ကျပြီး အရမ်းအဆင်ပြေအသုံးဝင်နေပါပီ။ ကောင်းမွန်တဲ့ investmentဖြစ်စေဖို့ အဓိကtrainingကို စိတ်ရှည်ပြီးဆိုင်လိုအပ်ချက်နဲ့ထပ်တူကျအောင် သင်ပြပေးတဲ့ ပြည်ရုံးခွဲက တာဝန်ခံမောင်လေးစိုးမိုးကျော်ကိုလည်း ကျေးဇူးအများကြီးတင်ပါရစေ။ software ဝယ်ရုံနဲ့ installရုံနဲ့မပြောင်းလဲနိုင်ပါ errorရှိလာတိုင်း တန်းဖြေရှင်းပေးပြီးtraining ကောင်းကောင်းပေးနိုင်တဲ့ Galaxy Software ကိုရွေးချယ်ခဲ့တာ တနေ့ထက်တနေ့ပိုပြီးမှန်ကန်လာတာ လက်တွေ့မို့ honest review & feedback လေးပါရှင့်…
𝑍𝑢𝑛 𝑃𝑤𝑖𝑛𝑡 𝐾𝑜 𝐾𝑜
iStock Customer"အရှေ့ဒဂုံ ရွှေထက်ကောင်းလက်ဖက်ရည်ဆိုင်ကပါ။ Galaxy Software သုံးရတာ တော်တော်လေး အဆင်ပြေပါတယ် စသုံးခါကတုန်းက အသုံးပြုနည်းတွေကိုလဲသေချာ လေ့ကျင့်ပေးသလို အသုံးပြုနေစဥ် မေးမြန်းသမျှကိုလဲ စိတ်ရှည် လက်ရှည်ရှင်းပြပေးတဲ့အတွက် အလုပ်မှာလဲ အခက်မရှိ အဆင်ပြေချောမွေ့ပါတယ်"
𝐸𝑑𝑤𝑎𝑟𝑑 𝐾ℎ𝑎𝑛𝑡
iStock Customerစမ်းချောင်းမှာရှိတဲ့ Swel Restaurant နဲ့The Brew Yangon 2ဆိုင်လုံးမှာ Galaxy POS ကို အသုံးပြုရာမှာ အရမ်းအဆင်ပြေပါတယ်။Sale ပိုင်းနဲ့ Reportပိုင်း ကြည့်ရတာတွေ အရမ်းလွယ်ကူရိုးရှင်းသည့်အတွက် သုံးရတာ အရမ်းအဆင်ပြေပါတယ်။အထူးသဖြင့် ကျမတို့ 2ဆိုင်လုံးကို ကိုင်သော Team 3မှ မအေးမိုးသဲနှင့် ဝန်ထမ်းများသည် အရမ်းဖော်ရွေစိတ်ရှည်သည့်အတွက် After Sale Serviceသည် အရမ်းကျေနပ်ရပါသည်။
𝐿𝑎𝑒 𝑁𝑤𝑒
iStock CustomerLucky Bag & Swallow Plastic Trading Company Ltd. အနေနဲ့ 2019 ခုနှစ်ကတည်းက Galaxy Software ကိုစတင်အသုံးပြုခဲ့တာ ယခုထိအသုံးပြုရတာ အဆင်ပြေလွယ်ကူမှုရှိပါတယ်။ After Sale Service အနေနဲ့လည်း အချိန်မရွေးလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလို့ မိမိတို့ကုမ္ပဏီအား တာဝန်ယူဆောင်ရွက်ပေးတဲ့ မခင်မီမီကျော်နှင့် Service Team မှ staff များကိုလည်း ကျေးဇူးတင်ပါတယ်။
𝑀𝑖𝑛 𝑇ℎ𝑎𝑛𝑡 𝐾𝑜
iStock Customer"မြောက်ဒဂုံက veiwလှလှ လေးရှိတဲ့ Zender BBQ & Restaurant ကပါရှင့် အခုလက်ရှိgalaxy software ကိုအသုံးပြုနေတာပါ Service လဲအရမ်းကောင်းပါတယ် အသေးစိတ်သေချာ လေးလဲဖြေပေးပါတယ် software system လေးကလဲ ရှင်းရှင်းလင်းလင်း ချိတ်ဆက်ပေးထားတော့အဆင်ပြေပါတယ်ရှင့် ဒီထက်မကအောင်မြင်ပါစေရှင်"
Thiri Zaw
CafePOS Customerကျွန်တော်က Hinthar Yin Khwin Restaurant ရဲ့ Founder တစ်ဦးပါဗျ အရင်တုန်းက လက်ရေး voucher တွေနဲ့လုပ်တော့ အချိန်တွေကုန်တယ် error တွေခဏခဏတက်တယ် အဲ့ဒါနဲ့ pos system သုံးမယ် ဆိုပြီးလိုက်ရှာတော့ Galaxy Software နဲ့သွားတွေ့တယ် သုံးရတာ လွယ်ကူ ရိုးရှင်းပြီး အချိန်ကုန်သက်သာတယ် အမှားအယွင်းမရှိဘူး ကျွန်တော့်အတွက်တော့ တော်တော်အဆင်ပြေပါတယ် highly recommend 👍....Thanks Galaxy..
𝑂𝑘𝑘𝑎𝑟 𝐾𝑎𝑢𝑛𝑔 𝑀𝑦𝑎𝑡
CafePOS CustomerSmart Family Co.,Ltd ကပါ Galaxy Software သုံးခဲ့တာ ဆယ်နှစ်ကျော်ရှိခဲ့ပါပီရှင် သုံးရတာအဆင်ပြေပါတယ် Service ပေးတာလည်းကောင်းပါတယ် Training ပေးတာလည်း မေးသမျှ စိတ်ရှည်လက်ရှည် ရှင်းပြပေးပါတယ် Training လာပေးတဲ့ ကိုဟိန်းထက်စံ ကိုလည်း ကျေးဇူးတင်ပါတယ် ထင်ထားတာထက်ကို သုံးရတာ အဆင်ပြေပါတယ်ရှင်
𝑀𝑎𝑦 𝐿𝑎𝑦
iStock Customer"galaxy software ကို recommend ပေးပါတယ် systemသုံးပြီးနောက်မှာ order ပိုင်းတေ parcel ပို့တာတေမာ system ကျကျသုံးလာရတဲ့ manual ထက်ပိုအဆင်ပြေပါတယ်format ကျကျသုံးလာရတယ် ပြောရမှာပေါ့နော်။ အရောင်းစာရင်းနဲ့ ပါတ်သတ်တဲ့ records တေကိုလဲ စာအုပ်လှန်စရာမလိုပဲ computer မှာ click တစ်ချက်နှိပ်ရုံနဲ့ ပြန်စစ်ဆေးလို့ရတဲ့အတွက် အဆင်ပြေတာထက်ကို after sale service အပိုင်းကလဲ ပြောစရာ မလိုတဲ့အတွက် ကျေးဇူးတင်ရပါတယ် software ပိုင်းနဲ့ပါတ်သတ်တဲ့ training တွေမှာဆိုလဲ ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ကူညီမှုကြောင့် အခက်အခဲမရှိအဆင်ပြေပြေ လည်ပတ်နိုင်ပါပြီ software ...
𝑍𝑧𝑎𝑎 𝑍𝑎𝑎
iStock Customer"Galaxy စသုံးခါစက အဆင်မှပြေပါ့မလားလို့ စိုးရိမ်မိပေမယ့် တကယ်သုံးကြည့်တော့ အဆင်ပြေနေတာတွေ့ရပါတယ်။ error တခုခု တက်ရင် စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီး အဆင်ပြေအောင် လုပ်ပေးတယ်။ Galaxy ဝန်ထမ်းတွေဆိုရင် သူတို့ရုံးပိတ်ရက်တွေမှာတောင် အဆင်ပြေအောင် သေချာပြောပြပေးတယ်။ ဖုန်းနဲ့ဖြစ်စေ any desk နဲ့ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ သေချာလေးချိတ်ဆက်ပြီး လုပ်ငန်း အဆင်ပြေအောင် ကြိုးစားပန်းစား လုပ်ဆောင်ပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင့်။ လက်ရှိ Galaxy သုံးနေတယ့် Penthouse Finance Department ကပါရှင့်။"
𝐴𝑦𝑒 𝑁𝑦𝑒𝑖𝑛 𝑇ℎ𝑤𝑖𝑛
iStock Customer"Galaxy Software သုံးရတာအရမ်းအဆင်ပြေပါတယ်ရှင့် ကျွန်မကတော့ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့က အောင်ပေါင်း စိုက်ပျိုးရေးသုံးဆေး မြေဆီအရောင်းဆိုင်ကပါ။ serviceပေးနေတဲ့ ကိုသန်းထိုင်အောင် ကိုကျေးဇူးတင်ပါတယ်ရှင့် နားမလည်တာကိုစိတ်ရှည်စွာဖြင့်ချက်ချင်းဖြေကြားပေးတဲ့အတွက်အရမ်းအဆင်ပြေပြီးကျေးဇူးလည်းတင်ပါတယ်ရှင့်"
𝐍𝐚𝐧 𝐌𝐨𝐞 𝐌𝐲𝐢𝐧𝐭 𝐊𝐡𝐚𝐢𝐧𝐠
iStock Customerစုပြည့်ပို ဆိုင်သစ်စဖွင့်ကတည်းက Galaxy software သုံးတာ၄နှစ်ရှိပါပြီ အရမ်းအဆင်ပြေပြီးတော့ လုပ်ငန်းကို ပိုမိုလွယ်ကူစေပါတယ် Training ပေးတဲ့ ညီမလေး Nang Kham Hsu ရေ စိတ်ရှည်ရှည်နဲ့ သင်ပြပြောပြပေးတဲ့အတွက် ကျေးဇူးအထူးပါနော်
𝑆ℎ𝑤𝑒 𝐾𝑦𝑎𝑟 𝑃ℎ𝑜𝑜
iStock CustomerGalaxy Software သုံးရတာ အဆင်ပြေပါတယ် After Sale Serviceကောင်းလို့ ပိုပြီး အဆင်ပြေပါတယ် စာရင်းသွင်းရင်း သိချင်တာလေးတွေကို သေချာလေးရှင်းပြပေးတဲ့အတွက်ကြောင့်လဲ Softwareအသုံးပြုရတာ အခက်ခဲ မရှိ ပိုပြီး အဆင်ပြေလာပါတယ်
𝑇ℎ𝑖𝑑𝑎 𝐻𝑡𝑤𝑒
iStock Customer2016မှစ၍ နေပြည်တော် ကောင်းထက်ကောင်း စားသောက်ဆိုင်မှာ စသုံးခဲ့ပါတယ်... အရင်တုန်းက တခြားsoftware တစ်ခုအသုံးပြုခဲ့ပါတယ်.. ထင်သလောက်အလုပ်မဖြစ်ခဲ့ဘူး. အခုတော့ ဟင်းပွဲတွေကို အဆင့်မြင့်မြင့် tablet လေးနဲ့ order တင်လိုက်.. စာရင်းအတိ့ကျသိ့လိုက်နဲ့ အဆင်ပြေစွာအသုံးပြုနေပါပြီ... service ကတော့ အားသာချက်အရမ်းများပါတယ်... ကျေးဇူးတင်ပါတယ် Nay Pyi Taw မှ Galaxy software ရေ
𝑃ℎ𝑜 𝑊𝑒𝑒
CafePOS Customer"software သုံးတဲ့ အထဲ သက်တမ်း အရှည်ဆုံး သုံးဖူးတာ ဆိုလို့ iStock software ပဲရှိမယ်ထင်တယ် ( 2012 ကတည်းက သုံးလာတာ အခုထိ ပဲ ) ကိုယ့် client အသစ်တွေ ကိုလည်း iStock သုံးဖို့ပဲ ညွှန်ဖြစ်တယ်။ သုံးရတာလည်း အဆင်ပြေသလို ကိုယ် ရစ်သမျှ ဂျီကျသမျှ အနိုင်ကျင့်သမျှ ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုပြီး ပြေလည် အောင် လုပ်ပေးကြတယ်။ ကွယ်ရာမှာတော့ ဒီအမ စားတယ် လို့ ပြောရင်လည်း ပြောကြမှာပေါ့လေ 😅 အရင်ကတော့ ကိုစာဂ နဲ့ ကိုနိုင်လင်းအောင် နဲ့ ပြောဖြစ်တယ် လုံးဝ အဆင်ပြေတယ်။ ဒီနောက်ပိုင်း ရီရီ အိမြတ်မွန် ခိုင်ဇင် အိကျော် သူတို့နဲ့ ပိုပြောဖြစ်တယ် 😍...
𝐻𝑙𝑎𝑖𝑛𝑔 𝐻𝑙𝑎𝑖𝑛𝑔
iStock Customer"galaxy softwareကို စသုံးတုန်းက မကျွမ်းကျင်သေးတော့ error ခဏ ခဏဖြစ်တယ်။ အခုတော့သုံးရတာတော်တော်လေးကိုအဆင်ပြေနေပီ 🥰စိတ်ရှည်ရှည်နဲ့ဘယ်ချိန်ဖုန်းဆက်ဆက် မငြိုငြင်ပဲ ရှင်းပြပြောပြပေးတဲ့ ko kaung myat tun ကိုလည်းကျေးဇူးတင်ပါတယ်ရှင့်"
𝐴 𝐻𝑡𝑢𝑛
iStock Customer"SKY Mobile Phone Sales and Accessories SKY Mobile Phone Service and Spare Part Galaxy Software အသုံးပြုရာတွင် လွယ်ကူအဆင်ပြေသည့်အချက်အလက်များ -New Customer Code စဖွင့်လျှင် လက်ငင်းအရောင်းနှင့် အကြွေးအရောင်းကို ရွေးချယ်ပြီးသည်နှင့် အရောင်း Invoice ဖွင့်သည့်အခါ လက်ငင်းဆိုလျှင် ငွေထပ်ချေရန်မလိုပဲ cash/bank နှင့်တစ်ခါတည်း ချိပ်ဆက်ပေးနိုင်ခြင်း၊ အကြွေးဆိုလျှင်လည်း Receivable နှင့် တိုက်ရိုက်ချိပ်ဆက်ပေးနိုင်ခြင်း -Foreign Currency ဖြင့် Purchase Invoice ဖွင့်ရာတွင်လည်း အဆင်ပြေသည့်အပြင် ရရှိလာသည့် Gain/Loss ...
𝑆ℎ𝑖𝑛 𝑆ℎ𝑖𝑛
iStock Customerမြရောင်းလင်းစတိုးဆိုင်ကပါ Galaxy software လေးသုံးရတာ အဆင်ပြေပါတယ်ရှင့် ယခု Service ပေးနေတဲ့ ခိုင်ဇင်သန့် အမကလည်း စိတ်ရှည်ရှည်နဲ့ရှင်းပြပေးပါတယ်ရှင့်
𝑊𝑒𝑛𝑑𝑦 𝐷𝑜𝑛𝑔
iStock Customerအခုလက်ရှိ Liquor proဆိုင်မှာ ဒီsoftwareလေး သုံးရတာ အဆင်ပြေပါတယ်ရှင့် serviceလဲ အရမ်းကောင်းပါတယ် သိချင်တာကို ဘယ်ချိန်မေးမေး ဖြေပေးတဲ့အမတွေကိုလဲ ကျေးဇူးတင်ပါတယ်
𝑆𝑢 𝑆𝑎𝑛𝑑𝑎𝑟 𝑀𝑖𝑛 𝐻𝑡𝑖𝑘𝑒
iStock CustomerGalaxy software သုံးရတာ အရမ်းအဆင်ပြေပါတယ်ရှင့် ယခုလက်ရှိ (အောင်ကောင်းစံဆေးဆိုင်) မှာသုံးတာ အဆင်ပြေပါတယ်ရှင့် Service ပေးနေတဲ့ အိမြတ်မွန် ညီမလေးက စိတ်ရှည်ပီးရှင်းပြပေးပါတယ်ရှင့် မလာအားရင်လဲ video call နဲ့ လှမ်းရှင်းပြပေးတဲ့ galaxy softwareပါ
𝑇ℎ𝑎𝑛 𝑇ℎ𝑎𝑛 𝑆𝑤𝑒
iStock Customerသိပ်ကောင်းတဲ့ software တခုပါ ၊serviceလဲ အရမ်းကောင်းပါတယ်၊ဖုန်းဆက်တာနဲ့ချက်ချင်းဆောင်ရွက်ပေးပါတယ်၊မော်လမြိုင် SK electric ကပါ
𝐼𝑏𝑟𝑎ℎ𝑖𝑚 𝐾ℎ𝑎𝑛
iStock Customer"iStock သုံးရတာ အရမ်းအဆင်ပြေပါတယ် service ကလည်း ph ဆက်တာနဲ့ ချက်ချင်းလုပ်ပေးပါတယ်။ ရုံးမှာ client တွေ အများကြီး သုံးထားပါတယ် နောက်လည်းဆက်သုံးဦးမှာပါ"
𝑀𝑒𝑔𝑎𝑃𝑙𝑎𝑛𝑒𝑡
iStock Customer"မြစ်ကြီးနား Big Boy Fashion Shop ဆိုင်ကပါရှင့်🌸🌸Galaxy Software ကို လက်ရှိအသုံးပြုနေပါတယ်။ Software အသုံးပြုရတာ အရမ်းကို လွယ်ကူရိုးရှင်းပီးအချိန်ကုန် လူသက်သာစေတဲ့အပြင် တိကျမှန်ကန်မှု့ မြန်ဆန်မှု့ရှိတဲ့အတွက် လုပ်ငန်းရှင်တိုင်း အသုံးပြုသင့်တဲ့ Softwareလို့ ထင်မိပါတယ်ရှင့်🤩🤩🤩 ကျွန်မကတော့ Galaxy Software ကိုအသုံးပြုရတာ အဆင်ပြေတာကြောင့် ကျွန်မဖွင့်လှစ်ထားတဲ့ Big Boy Fashion Shop , One Way Fashion Shop ,Beauty World အလှကုန်ဆိုင် ,ToDay Mart ဆိုင် တွေမှာ လက်ရှိအသုံးပြုနေပါတယ်ရှင့် . ဆိုင်(၄) ဆိုင်စလုံးကိုSoftware စထောင်ကတည်းက စိတ်ရှည်ရှည်နဲ့ အမစိတ်တိုင်းကြဆောင်ရွက်ပေးခဲ့တဲ့ ညီမလေး နှင်းနှင်းယုခင် ကိုလဲ ကျေးဇူးတင်ပါတယ် Galaxy Companyလဲ ဒီထက်မက အောင်မြင်ပါစေ"
𝐾𝑎𝑦 𝑇ℎ𝑤𝑒 𝑊𝑖𝑛
iStock Customer"မင်္ဂလာပါ Galaxy Softwareအတွက် Comment လေးပေးချင်လို့ပါ ညီမက သူသူဟိန်း ဆေးဖျန်းပုံးကုမ္ပဏီကပါ Galaxy Software က သုံးရတာလွယ်ကူအဆင်ပြေပါတယ်နော် service ပိုင်းလဲအရမ်းကျေနပ်မှုဖြစ်ရပါတယ်လာ သင်ပေးတဲ့အမဆို အရမ်းစိတ်ရှည်ပီး နားလည်တဲ့ထိသင်ပေးတာကျေးဇူးပါရှင့် အရမ်းအဆင်ပြေပါတယ်နော် သုံးနေရင်းနဲ့ တစ်ခုခုနားမလည်တာ မသုံးတတ်တာဆို ချက်ချင်းဖုန်းဆက်မေး ချက်ချင်းဖြေရှင်းပေးပါတယ်နော် အရမ်းကျေနပ်ရပါတယ်ရှင့် Galaxy software ကို မသုံးကြည့်ရသေးသူတွေ သုံးဖို့စဉ်းစားသူတွေကို သုံးရတာအရမ်းအဆင်ပြေလို့ သုံးကြည့်ဖို့ တိုက်တွန်း...
𝐻𝑛𝑖𝑛 𝐻𝑡𝑒𝑡
iStock Customer"ZAYAR THIT ကပါရှင့် I Stock software ကိုအသုံးပြုရတာ အရမ်းအဆင်ပြေ လွယ်ကူပါတယ် စိတ်ရှည်စွာ သင်ကြားပေးပါသော ညီမလေး မရီမွန်မွန်တင် ကိုလဲ အရမ်းကျေးဇူးတင်ရှိပါတယ်ရှင့်"
𝑇ℎ𝑖𝑡 𝑇ℎ𝑖𝑡
iStock CustomerGalaxy software ကိုအသုံးပြုရတာ အရမ်းအဆင်ပြေပါတယ် ရှင်းလင်းပြီး မှတ်ရလွယ်လို့ ဘယ်အချိန်ပြန်ကြည့်ကြည့် နားလည်နိုင်ပါတယ် အခုမှ စသုံးတာပဲဖြစ်ဖြစ် computer သိပ်မတက်တဲ့ လူတွေတောင် galaxy softwareနဲ့ဆို သင်လွယ်တက်လွယ်မှတ်လွယ်ပါတယ် softwareကို မသုံးဖြစ်တာ 6လလောက် ကြာသွားတော့ မမှတ်မိမှာ စိုးရိမ်မိခဲ့တယ် အခု ပြန်သုံးကြည့်တဲ့ အခါမှာလည်း အဆင်ပြေပြီး အကုန်လွယ်လွယ်ပြန်မှတ်မိခဲ့ပါတယ် စေတနာအပြည့်နဲ့ သင်ပေးခဲ့တဲ့ Mandalay ရုံးခွဲက မရတနာထွန်းကိုလည်း ကျေးဇူးတင်ပါတယ် လွယ်လွယ်မှတ်မိတာ သူ့ရဲ့ noteလေးတွေကြောင့်လည်းပါတယ် Galaxy software ...
𝐉𝐢𝐧𝐧𝐞𝐞
iStock Customerမိတ္ထီလာမြို့Hj ဦးစိုးသိန်းနှင့်သားများ အိမ်ဆောက်ပစ္စည်းဆိုင်ကပါ iStock Softwareကို အသုံးပြုနေပါတယ်။ အကြွေးစာရင်းထိန်းရတာလည်း အရမ်းကိုအဆင်ပြေပါတယ်။ Trainingလာပေးတဲ့ အစ်ကိုအောင်ကိုဇင်ကလည်း နားမလည်တဲ့စာရင်းပိုင်းတွေကို သေချာဂရုစိုက်ရှင်းပြပေးလို့ Software သုံးရတာ အရမ်းအဆင်ပြေပါတယ်ခင်ဗျာ။ မသုံးရသေးတဲ့ မိတ်ဆွေများလည်း Galaxy ရဲ့ iStock softwareကို သုံးကြည့်ဖို့ အကြုံပြုပါတယ်ခင်ဗျာ။
𝐹𝑎𝑖𝑧𝑎𝑙 𝑆𝑜𝑒 𝑀𝑜𝑒 𝐴𝑢𝑛𝑔
iStock Customer"ကျွန်တော်ကတော့ ရမည်းသင်းမြို့မှာ စံချိန် အမည်ဖြင့် အချိုရည်မျိုးစုံ ယမကာမျိုးစုံ လက်လီလက်ကားဆိုင် ဖွင့်ထားပါတယ် ။Galaxy Software သုံးနေပါတယ် သုံးရတာ လွယ်ကူရိုးရှင်းသလောက် အရောင်းပိုင်း အဝယ်ပိုင်း နဲ့ စရင်းပိုင်းတွေမှာ များစွာအကျိုးပြု အထောက်အကူ ပြုပါတယ် အချိန်ကုန်သက်သာ လူသက်သာစေတဲ့အပြင် တိကျမှန်ကန် မြန်ဆန်ပြီး စရင်းသဘောအရ မိမိသိချင်တဲ့ မည်သည့်အပိုင်းကိုမဆို click တစ်ချက် နှစ်ချက် နှိပ်ရုံဖြင့် လွယ်ကူလျင်မြန်စွာသိနှိုင်တဲ့ အတွက် လုပ်ငန်းရှင်တိုင်း အသုံးပြုသင့်တဲ့ software ဖြစ်ကြောင်း အကြံပြုချင်ပါတယ် ။ phone ဆက်မေးသည့် အခါတိုင်း စိတ်ရှည်စွာဖြင့် ...
𝐴𝑢𝑛𝑔 𝑍𝑎𝑤 𝑂𝑜
iStock Customer"Galaxy software ကိုနေပြည်တော် သဇင်စာရေးကရိယာ၂ ဆိုင်လုံးတွင်အဆင်ပြေစွာအသုံးပြုနေပါတယ်ရှင်... ယခင်က ဆိုင်မှာရှိတဲ့ ပစ္စည်းလက်ကျန်စာရင်း အနီးစပ်ဆုံးထွက်ရန်ပင်ပန်းကြီးစွာ လုံးပန်းခဲ့ရပါတယ်. လက်ရေးစနစ်နဲ့တုန်းက အကြွေးစာရင်းဆိုရင် အရမ်းကိုဂရုစိုက်ရပြီး ဦးနှောက်အရမ်းခြောက်ခဲ့ရတဲ့နေ့တွေ ဖြတ်သန်းခဲ့ရပါတယ်... Galaxy Software အသုံးပြုပြီးနောက် ပစ္စည်းလက်ကျန်အတိအကျ အမှန်ကန်ဆုံးကိုသိလာရပါတယ် ၊ Software မှ အမှန်ကန်ဆုံးစာရင်းကို စက္ကန့်ပိုင်းအတွင်း Click တစ်ချက်နဲ့တင် လုပ်ငန်းအတွက် ပြီးပြည့်စုံစေတဲ့စာရင်းပေါင်းများစွာကိုရူ့ထောင့်အမျိုးမျိုးကနေ ဖော်ပြပေးတဲ့အတွက် ...
𝐿𝑖𝑛𝑛 𝐿𝑖𝑛𝑛
iStock Customerညီမက နေပြည်တော် တပ်ကုန်းမြို့ မိုးကောင်းကင် (စတိုး)ဆိုင်ကပါရှင့် Galaxy software ကိုသုံးတာ လေးနှစ်လောက်ရှိပါပီ သုံးရတာ အရမ်းအဆင်ပြေပါတယ်။ Service ပိုင်းလဲ အရမ်းကောင်းပါတယ်ရှင့်
𝑀𝑦𝑜 𝑀𝑦𝑜 𝑆𝑜𝑒
iStock Customerညီမကပင်ဂွင်းဖိနပ်ဆိုင်(မုံရွာ)ကပါရှင့် Galaxy Software ကိုသုံးရတာအရမ်းအဆင်ပြေပါတယ် အကြိုက်ဆုံးကserviceပေးတဲ့အပိုင်းပါပဲ မမြတ်မဉ္ဇူလွင်က စိတ်ရှည်ရှည်နဲ့ ရှင်းပြပြောပြပေးတဲ့အတွက်လဲ သိချင်တာတွေ အကုန်သိရပါတယ် အရမ်းကျေးဇူးတင်ပါတယ်ရှင့်
𝑆ℎ𝑤𝑒 𝑍𝑖𝑛 𝑇𝑢𝑛
iStock Customer"ကျွန်တော်တို့ရဲ့ Double Yang Group မှာ Galaxy Software ရဲ့ iStock product ကို 2014ကနေစပီး သုံးလာခဲ့တာ အခုဆို 6နှစ်တိုင်ရှိခဲ့ပါပြီ။ ဒီ 6 နှစ်တာကာလအတွင်းမှာ လုပ်ငန်းရဲ့ ငွေစာရင်းပိုင်းတွေ,Stock လက်ကျန်ပိုင်းတွေ , Currency အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာတဲ့ အရှုံးအမြတ်တွေကို တိကျမှန်ကန်စွာ သိရှိခဲ့ရပါတယ်။ ဒါကြောင့်လဲ ထပ်မံတိုးချဲ့လာတဲဲ့ လုပ်ငန်းတိုင်းမှာ Galaxy software နဲ့ပဲ လက်တွဲလုပ်ဆောင်ဖြစ်ခဲ့ပါတယ် လိုအပ်တဲ့ အချိန်တိုင်းလဲ လူကိုယ်တိုင်ဖြစ်စေ, remote desk များဖြင့် ဖြစ်စေ လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးကြပါသော Mdy Team2 နှင့် မရတနာ ကိုလဲ...
𝑀𝑜𝑒 𝑇𝑢𝑛
iStock Customer"ရှမ်းပြည်မြောက်ပိုင်း တရုတ်/မြန်မာနယ်စပ်မူဆယ်မြို့တွင်တည်ရှိနေသောစိုစိုပြေပြေဟိုတယ် သည်ယခင်ကစာရင်းများနှင့်မီနီဘားစတော့များပြုလုပ်ရာတွင်အချိန်ပေးရခြင်း/အခက်ခဲရှိခြင်းများနှင့်ရင်ဆိုင်ခဲ့ရပြီးယခုအချိန်တွင် Galaxy Software Services Co;Ltdနှင့်တွေ့တော့မအခက်ခဲများကိုကျော်ဖြတ်နိုင်ခဲ့သည်။ မိတ်ဆွေများအနေဖြင့်မိမိတို့၏လုပ်ငန်များကိုစနစ်ကြပြီးအချိန်ကုန်သက်သာစေခြင်ပါကအမြန်ဆုံးဆက်သွယ်လိုက်ပါ။"
𝑆𝑜𝑆𝑜𝑃𝑦𝑎𝑦𝑃𝑦𝑎𝑦 𝐻𝑜𝑡𝑒𝑙
HotelPro Customerကျနော်တို့ စွဲလမ်း ကြေးအိုး & Chinese Food. ဆိုင်ခွဲတွေမှာ Galaxy ရဲ့ CafePOS ကို အသုံးပြုလာခဲ့တာ (6) လကျော်လာခဲ့ပါပီ၊ အရမ်းကို သုံးရတာအဆင်ပြေပါတယ်။ Ordering အပိုင်းမှာလဲ ပိုမိုမြန်ဆန်တိကျလာသလို၊ print bill မှာလဲ အရမ်းအဆင်ပြေပါတယ်။ Report တွေလဲ အစုံပါတော့ ဆိုင်ပိတ်ချိန်မှာ ဘာမှခေါင်းပူစရာကိစ္စ မရှိတော့ဘူးလေ။ Training ပေးတဲ့အခါမှာလဲ အရမ်းကိုစိတ်ရှည်ပီး ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ထိ သင်ပေးကြပါတယ်။ Service အပိုင်းမှာလဲ အရမ်းကောင်းကြပါတယ်။ Galaxy Softwear Service Co.,Ltd ဒီထက်မက အောင်မြင်ပါစေဗျာ။
စွဲလမ်း ကြေးအိုး ရှစ်မိုင်
CafePOS Customer"galaxy software (i stock) ကို အသုံးပြုနေသော Panda (Funo Company) ကပါရှင့် software အသုံးပြုရတာ အရမ်းကို လွယ်ကူရိုးရှင်းပီး အချိန်ကုန်/လူ သက်သာစေသည့်အပြင် တိကျမှန်ကန်မှု့ရှိတဲ့ အတွက် လုပ်ငန်းရှင်တိုင်း အသုံးပြုသင့်တဲ့ softwareလို့ ထင်မိပါတယ်ရှင့်.... complain တိုင်းကိုလဲ စိတ်ရှည် လက်ရှည် မငြီးမညူ ဖြေပေးတဲ့ Mandalay team မှ Ma Yay Yay နှင့် team တစ်ဖွဲ့လုံးကိုလဲ ကျေးဇူးတင်ပါတယ်ရှင့် Galaxy companyလဲ ဒီထက်မက အောင်မြင်ပါစေရှင့်...."
𝑊𝑎𝑖 𝑊𝑎𝑖 𝐴𝑢𝑛𝑔
iStock Customer"galaxy software (i stock) ကို အသုံးပြုနေသော Pink Mobile Mandalay ကပါရှင့် Galaxy software ကိုစတင်အသုံးမပြုမီက လုပ်ငန်းမှာ စာရင်းများ Reportများ လုပ်ရာတွင် အခက်အခဲများ ကြန့်ကြာမှုများလည်းရှိခဲ့ပါတယ်။ Galaxy software ကိုစတင်အသုံးပြုပြီးနောက်ပိုင်း တိကျမှန်ကန်မှု့ရှိတဲ့အပြင် အချိန်ကုန်လည်း အရမ်းသက်သာစေပါတယ်ရှင် လုပ်ငန်းရှင်တိုင်း အသုံးပြုသင့်တဲ့ softwareလို့ ထင်မိပါတယ်ရှင့်.... complain တိုင်းကိုလဲ စိတ်ရှည် လက်ရှည် မငြီးမညူ နဲ့ အချိန်မရွေးဖြေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင့် Galaxy companyလဲ ဒီထက်မက အောင်မြင်ပါစေရှင့်.."
𝑀𝑎𝑦 𝑇ℎ𝑢 𝐻𝑛𝑖𝑛𝑛
iStock Customer"ကျွန်မကတော့ Mobile Mother Co.,Ltd📱 -Senior Accountant နေရာမှ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ Galaxy software ကို 2013ခုနှစ်မှ စတင်အသုံးပြုခဲ့ပါတယ် စတင်အသုံးမပြုမီ လုပ်ငန်းလုပ်ရာ၌ အခက်ခဲများရှိခဲ့ပါတယ် စာရင်းများ Reportများ လုပ်ရာတွင် ကြန့်ကြာမှုများလည်းရှိခဲ့ပါတယ်။ Galaxy Software ကို စတင်အသုံးပြုပြီး အစပိုင်းတွင် အနည်းငယ် အခက်ခဲ တော့ရှိခဲ့ပါတယ်။ သို့သော် Galaxy software Technician များနှင့် ညှိုနိုင်း ပြီး လုပ်ဆောင်ခဲ့တာကြောင့် ယခုအချိန်တွင် များစွာ အဆင်ပြေပြီး Mobile Mother ဆိုင်ခွဲများအား လုံးတွင်ပါ အောင်မြင်စွာ💪💪💪အသုံးပြုလျှက်ရှိပါသည်။ ...
𝑁𝑎𝑔𝑒 𝐿𝑎𝑦
iStock Customerညောင်ရွှေမြို့ ဖိုးလမင်းအိမ်ဆောက်ပစ္စည်းဆိုင်ကပါရှင့် galaxy softwareကို 2018ခုနှစ်က စတင်ပြီးအသုံးပြုခဲ့တာပါ။ အဆင်ပြေပြီး လုပ်ငန်းလုပ်ဆောင်မှုမှာများစွာအထောက်အကူပြုပေးနိုင်ပါတယ်ရှင့် galaxy software taunggyi team မှလည်း အဆင်မပြေမှုများရှိပါက အချိန်မရွေး အကူအညီ ဖြေရှင်းပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်
𝐴𝑦𝑒𝑚𝑦𝑎𝑘𝑦𝑖𝑡ℎ𝑎𝑟𝑎𝑢𝑛𝑔
iStock Customer"TRENDY MART (Mandalay)မှာ Galaxy software နဲ့စတင် လက်တွဲလုပ်ဆောင်ခဲ့ရလို့အရမ်းကျေနပ်အားရမိပါတယ်ရှင်🤝လိုအပ်တဲ့ အရောင်းအဝယ်ပိုင်းတွေ, ကုန်ပစ္စည်းထိန်းချုပ်မှုတွေ, လက်ကျန်စာရင်းပိုင်းတွေ, လချုပ်, နှစ်ချုပ် စာရင်းတွေကိုလဲ လွယ်ကူလျှင်မြန်စွာ ပြုလုပ်နိုင်လို့ ကျေနပ်မှု့အပြည့်ရစေပါတယ်ရှင့်👍Training နဲ့serviceပိုင်းမှာလဲ လိုအပ်တဲ့အချိန်တိုင်း စိတ်ရှည်သေချာစွာဖြင့် ရှင်းပြပေးလို့လဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🥰"
𝑆𝑢𝑟𝑖 𝑃𝑎𝑛 𝑃𝑎𝑛
iStock Customerမင်္ဂလာပါခင်ဗျာ ပုသိမ်မြို့ KK စက်သုံးဆီရောင်းဝယ်ရေးမှာ galaxy software ကို 2019 ကစသုံးဖြစ်ပါတယ် စက်သုံးဆီအတွက် တစ်ချို့အပိုင်းလေးတွေ customize လုပ်ရတာမို့ ကိုယ်လိုချင်တဲ့အချက်လေးတွေကို သေချာနားလည်အောင် စိတ်ရှည်လက်ရှည်နဲ့ နားထောင်ပေးပြီး စိတ်တိုင်းကျလုပ်ပေးနိုင်ခဲ့တာမို့ အရင်လိုအရောင်းအဝယ်ဘောင်ချာအတွက် အချိန်အများကြီးမလိုပဲ ကုန်လက်ကျန်ပိုင်းရော အကြွေးစာရင်းတွေပါ လစ်ဟာမှုမရှိထိန်းချုပ်နိုင်ခဲ့ပါတယ် စေတနာကောင်းပြီး အရည်အချင်းပြည့်ဝတဲ့ ပုသိမ် branch ကိုအထူးကျေးဇူးတင်ရှိပါတယ်
𝑀𝑦𝑜 𝑀𝑖𝑛 𝑍𝑎𝑤
iStock Customerမင်္ဂလာပါရှင့် တန့်ဆည်မြို့နယ် ပိတောက်ဝါစတိုးမှာ galaxy softwareကိုအသုံးပြုနေပါတယ်ရှင့် တန့်ဆည်မြို့ရဲ့ စျေးဝယ်အကျဆုံးဆိုင်တစ်ဆိုင်ဖြစ်တာကြောင့် ဘောက်ချာများလွယ်ကူလျင်မြန်ထုတ်ပေးနိုင်ခြင်း Discountများ အလွယ်တကူပြင်ဆင်နိုင်ခြင်း သိလိုသော reportများကိုလဲ filter bar မှတဆင့်အလွယ်တကူ ကြည့်လို့ရတာကြောင့် သုံးရတာ အရမ်းအဆင်ပြေပါတယ်ရှင့် complainတက်သမျှကိုလဲ စိတ်ရှည်စွာဖြေကြားပေးပါသော မုံရွာမြို့ galaxy softwareမှ အကိုအမများကိုလဲ အထူးပဲကျေးဇူးတင်ရှိပါကြောင်းနဲ့ galaxy software service co.ltd အဆပေါင်းများစွာ တိုးတက်အောင်မြင်ပါစေလို့ဆုမွန်ကောင်းလဲ ...
𝐴𝑦𝑒𝑚𝑜𝑒ℎ𝑎𝑛
iStock Customer"Amercian Collection ရဲ့ ဆိုင်တိုင်းမှာ Galaxy Software ကို အသုံး ပြု လာ တာ 2018 ကတည်းကပါ။ ပထမဆုံးအနေဖြင့် တစ်ဆိုင်စသုံဖြစ်ပါတယ်။ နောက်ပိုင်း After Sale Service နဲ့ပတ်သတ်ပြီးရော iStock သုံးရတာ အဆင်ပြေတာရောကြောင့် နောက်ဆိုင်ခွဲများအတွက်ပါ ဆက်သုံဖြစ်ပါတယ်။ Voucher ထုတ် ခြင်း Report စစ်ခြင်းများမှာ အဆင်ပြေတဲ့အတွက် လုပ်ငန်းများပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။ Yangon Team 1 Service Department ကလည်း ယနေ့အထိ အချိန်မရွေးဖုန်းဆက်တိုင်း စိတ်ရှည်စွာအမြဲဖြေရှင်းပေးလို့ စိတ်ကျေနပ်ရပါတယ်ရှင့်။ ခုလို Covid ကာလမှာတောင် တစ်ခုခုလိုအပ်တိုင်းအဆင်ပြေအောင် ...
𝑃𝑎𝑛𝑝𝑦𝑜 𝐿𝑎𝑡𝑡
iStock Customer"Galaxy software စနစ်သည် ကျွန်တော်တို့(စံပြဈေးသန်းကြွယ်)ဆိုင်တွင် စတင်သုံးမှုအပိုင်းတွင် အခက်အခဲနည်းနည်း ကြုံတွေ့ရပေမယ့်လည်း နောက်ပိုင်းတွင် မြန်ဆန်မှု တိကျလာမှု အပိုင်းတွေမှာ အားသာချက်တွေကို တွေ့ရှိလာရပါသည် နောက်ပိုင်းကျွန်တော်တို့ဖွင့်မည့်ဆိုင်ခွဲများတွင် Galaxy softwareသည် မရှိမဖြစ် စနစ်တခုအနေနဲ့ အသုံးပြုမှာဖြစ်ပြီးသည်စနစ်ရဲ့ service ပိုင်းဆိုင်ရာ ဝန်ထမ်းများသည်လည်း လိုအပ်ချက်များကိုစိတ်ရှည် လက်ရှည် ပြန်လည်ဖြည့်တင်းမှုက အခိုင်အမာရှိနေပါသည်။ ကျွန်တော်တို့ သန်းကြွယ်မှလည်း service ပိုင်းမှစိတ်ရှည်စွာ သင်ကြားပြသပေးသော ဝန်ထမ်းများကို ကျေးဇူးအထူးတင်ရှိပါသည်။ "
𝐾𝑦𝑎𝑤𝑛𝑎𝑦 𝐿𝑖𝑛
CafePOS Customerအလင်းနေ့ Tea Shop ကပါသုံးတာ တနှစ်ခွဲရှိပါပြီ အဆင်ပြေပါတယ် service လည်း ကောင်းပါတယ်။ လူကိုယ်တိုင် လာဖြေရှင်းပေးသလို phနှင့် အကူညီတွေပေးပါတယ် Team အားလုံးကြိုးစားကြတယ်ဒီထက်မကအောင်မြင်မှာပါ ကြိုးစားပါ Galaxy Software service
𝑍𝑎𝑦𝑎𝑟 𝑆𝑜𝑒 𝑀𝑖𝑛𝑛
CafePOS Customer"လက်ရှိ Galaxy Software သုံးနေတဲ့ ke Ke Restaurant ကပါ Software သုံးရတာ အဆင်ပြေသလို ဆိုင်အတွက်လဲ အရေးပါတဲ့နေရာကနေ အထောက်အကူဖြစ်ပါတယ် Service အပိုင်းကလဲ စိတ်ရှည်ရှည်နဲ့ဖြေရှင်းပေးတဲ့အပြင် လုပ်ငန်းနဲ့ပတ်သတ်ပြီး လိုအပ်တာလေးတွေ ဆွေးနွေးပေးတာမျိုးတွေကလဲ ကျေနပ်အားရမိပါတယ် ဗျ"